ကန်ချနဘူရီတွင် ပတ်ဝန်းကျင်ညစ်ညမ်းမည်ကို စိုးရိမ်သဖြင့် တရုတ်ကျောထောက်နောက်ခံပြု သတ္တုသန့်စင်စက်ရုံအား ရပ်ဆိုင်းရန် အမိန့်ထုတ်

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ပြည်နယ်တွင် တည်ဆောက်နေသည့် တရုတ်နိုင်ငံသားပိုင် သတ္တုရိုင်းသန့်စင်စက်ရုံသည် ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင် မရှိဘဲ စတင်ဆောက်လုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အာဏာပိုင်များက လုပ်ငန်းများကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ထာမောင်း မြို့နယ်၊ နောင်ခေါင် ရပ်ကွက်ရှိ ဒေသခံပြည်သူ ၁,၀၀၀ ကျော်သည် စက်ရုံတည်ဆောက်မှုကို ပြင်းထန်စွာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ အကြောင်းမှာ […]

ထိုင်းနိုင်ငံ၊ရာမာ ၂ လမ်းတွင် ကရိန်းပြိုကျပြီး အလုပ်သမားတစ်ဦး သေဆုံး၊ M82 မော်တော်ဝေစီမံကိန်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုင်းလမ်းဦးစီးဌာန ရှင်းလင်း

ဆာမုဆာခွန် (Samut Sakhon) ပြည်နယ်၊ ရာမာ ၂ လမ်း (Rama 2 Road) ဘေးပြိုင်လမ်း ခိုင်မာရေးဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင် ၉ ရက် (ယနေ့) မွန်းလွဲပိုင်းက ကွန်ကရစ်တိုင်မညီဘဲ ကရိန်းယိုင်လဲပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် ၆၄ နှစ်အရွယ် အလုပ်သမားကြီးတစ်ဦး ကရိန်းအောက်ညပ်၍ သေဆုံးသွားခဲ့ကြောင်းနှင့် […]

ထိုင်း “Mama” ခေါက်ဆွဲခြောက်လုပ်ငန်း၏ ရှေ့ဆောင်လမ်းပြ ဥက္ကဋ္ဌကြီး မစ္စတာ ပီပတ် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်

ထိုင်းနိုင်ငံ၏ လူသိအများဆုံး ခေါက်ဆွဲခြောက်အမှတ်တံဆိပ်ဖြစ်သည့် “Mama” (မာမား) ကို ထုတ်လုပ်သော Thai President Foods အများပိုင်ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ပီပတ် သည် အသက် ၈၇ နှစ်အရွယ်တွင် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏မိသားစုက ဇူလိုင် ၉ ရက် […]

ထိုင်းနိုင်ငံသားခံယူရန် တရုတ်မွေးကင်းစကလေးများကို ထိုင်းအဖေအတုဖြင့် သားဖွားလက်မှတ်ပြုလုပ်ပေးသည့် ဂိုဏ်းကို ဖမ်းဆီး

ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိစေရန်အတွက် ထိုင်းနိုင်ငံတွင် လာရောက်မွေးဖွားသည့် တရုတ်နိုင်ငံသား အမျိုးသမီးများ၏ ကလေးများကို ထိုင်းအမျိုးသားများနှင့် မှားယွင်းစွာ သားအဖတော်စပ်ပေးပြီး တရားမဝင် သားဖွားလက်မှတ် ပြုလုပ်ပေးနေသည့် ဂိုဏ်းကြီးတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က “ထော့ကလက်မန်ဂွန်” (နဂါးအကြေးခွံခွာခြင်း) စစ်ဆင်ရေးဖြင့် ဇူလိုင် ၉ ရက် (ယနေ့) တွင် ဝင်ရောက်စီးနင်းကာ ဆေးရုံမှတ်တမ်းအရာရှိတစ်ဦးနှင့် […]

ဘာလက္ခဏာမှမပြဘဲ ရုတ်တရက် လေဖြတ်ခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည့် ခေတ်မီစစ်ဆေးခြင်းနည်းပညာ (၂) မျိုး

မိမိကိုယ်ကိုယ် ကျန်းမာတယ်လို့ ထင်ရပေမဲ့ လည်ပင်းနဲ့ ဦးနှောက်သွေးကြောတွေထဲမှာ အဆီခဲနဲ့ အနယ်အနှစ်တွေ တိတ်တဆိတ် စုပုံကျဉ်းမြောင်းနေတာကို ကြိုတင်မသိရှိကြရာကနေ လေဖြတ်ခြင်း ဝေဒနာကို ရုတ်တရက် ခံစားရတတ်ပါတယ်။ ဒါကြောင့် ဘာလက္ခဏာမှမပြခင်မှာ လေဖြတ်နိုင်ခြေ အန္တရာယ်ကို ကြိုတင်ဆန်းစစ်ပြီး အချိန်မီ ကာကွယ်နိုင်မယ့် ခေတ်မီရောဂါရှာဖွေစစ်ဆေးနည်း (၂) မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ […]

ဘန်ကောက်ရှိ တရားမဝင် လိမ္မော်ရည်စက်ရုံကို ဝင်စီး၊ တရုတ်မှ တင်သွင်းပြီး FDA လိုင်စင်မရှိသည့် လိမ္မော်ဖတ် ၂ တန်ကျော် သိမ်းဆည်းမိ

ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နှင့် စီးပွားရေးမှုခင်းနှိမ်နင်းရေးဌာနတို့ ပူးပေါင်းကာ ဘန်ကောက်မြို့၊ ပရာဝက် (Prawet) မြို့နယ်ရှိ အဆင့်မမီသော အသင့်သောက် လ်ိမ္မော်ရည်ထုတ်လုပ်သည့် စက်ရုံနှင့် ဂိုဒေါင်တို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံမှ တရားမဝင်မှောင်ခိုတင်သွင်းထားကာ ထိုင်း FDA အသိအမှတ်ပြုလိုင်စင်မရှိသည့် လိမ္မော်သီးဖတ်ဘူးခွံ ၂ တန်ကျော် (တန်ဖိုး […]

ဟော်မုဇ်ရေလက်ကြား တိုက်ခိုက်မှုအပြီး အမေရိကန်က အီရန်ကို ထပ်မံဗုံးကြဲ၊ စစ်ရေးတင်းမာမှု မြင့်တက်

အီရန်နိုင်ငံနှင့် ရရှိထားသည့် ယာယီနားလည်မှုစာချွန်လွှာ (MoU) မှာ လုံးဝပျက်ပြယ်သွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပြီးနောက်၊ အမေရိကန်စစ်တပ်သည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်စစ်ဘက်ဆိုင်ရာနေရာများကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်လိုက်သဖြင့် စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်လာပါတယ်။ ပြီးခဲ့သည့်အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော ၃ စီး တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ အမေရိကန်က ၎င်းလုပ်ရပ်ကို လက်တုံ့ပြန်ရန် […]

စမုပရာကန်တွင် နာမည်ကြီး အမေရိကန် Fitness Influencer ရေကန်ထဲ ခုန်ချသေဆုံး၊ မသေဆုံးမီ ဘတ် ၂၂ သန်းတန် အိမ်ကြီးကို ဖျက်ဆီးခဲ့

YouTube တွင် ဖော်လိုဝါ ၂ ဒသမ ၃ သန်းကျော်ရှိပြီး ကြွက်သားတည်ဆောက်ရေးလောကတွင် ထင်ရှားသည့် အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား မစ္စတာ Connor Michael Murphy သည် ဇူလိုင် ၇ ရက် ညနေပိုင်းက စမုတ်ပရာကန်ပြည်နယ်ရှိ ဇိမ်ခံအိမ်ရာဝန်းရေကန်ထဲသို့ စိတ်ဖောက်ပြန်ကာ […]

ဂျပန်အမျိုးသားဥယျာဉ်တွင် ပိတ်ပင်ထားသော အပင်များပေါ် လှဲအိပ်ဓာတ်ပုံရိုက်သည့် ထိုင်း Blogger ဝေဖန်ခံရသဖြင့် တောင်းပန်

ဂျပန်တွင်နေထိုင်ပြီး ‘No Plan Trip’ စာမျက်နှာကို ထောင်ထားသည့် နာမည်ကြီး ထိုင်းခရီးသွား Blogger အမျိုးသမီး ‘နတ်’ (Nat) သည် အာကီတာစီရင်စုရှိ အမျိုးသားဥယျာဉ်အတွင်း ကာရံပိတ်ပင်ထားသည့် ရှားပါးတောင်ပေါ်ပင်များပေါ် လှဲအိပ်ဗီဒီယိုရိုက်ခဲ့ခြင်းကြောင့် ဂျပန်ပြည်သူများ၏ ပြင်းထန်စွာ ရှုတ်ချမှုကို ခံခဲ့ရပါတယ်။ စည်းဝိုင်းများကိုကျော်ဖြတ်ကာ ကာကွယ်ထားသည့် သဘာဝအပင်များကို […]

ဖူးခက်လေဆိပ်တွင် ၁၇ ကီလိုဂရမ်ကျော်ရှိသော ဆေးခြောက်များနှင့်အတူ ရုရှားအမျိုးသားတစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် ရုရှားအမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်များအတွင်းမှ တရားမဝင် သယ်ဆောင်လာသည့် ဆေးခြောက်အပွင့်ခြောက်များနှင့် ဆေးခြောက်စေး (Cannabis Resin) အမြောက်အမြားကို အကောက်ခွန်အရာရှိများက ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးအရေးယူလိုက်ပါတယ်။ အသက် ၃၀ အရွယ် ရုရှားနိုင်ငံသား မစ္စတာ ဆာဂေး ဖြစ်သည်။ ၎င်းအား ၂၀၂၆ […]