ထိုင်းတွင် သြဂုတ်လအတွင်း တုပ်ကွေးနှင့် ကိုဗစ် ကူးစက်သူ မြင့်တက်

ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) သည် စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်သော ရောဂါကာကွယ်ရေးနှင့် သတင်းထုတ်ပြန်ပွဲတွင် သြဂုတ်လအတွင်း ကူးစက်မှုအများဆုံး ရောဂါများထဲတွင် ရာသီတုပ်ကွေး (Influenza) ရောဂါဖြစ်ပွားသူ ၈၇,၇၇၀ ဦး ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ (Covid-19) ရောဂါ ကူးစက်မှုမှာလည်း အဆင့် (၃) […]

ကန်ချနဘူရီ၌ ATM ကတ် ပျက်သွား၍ အသက် ၉၀ ကျော် အဘွားအား ဘဏ်သို့ ရွာသားများ ၉ ကီလိုမီတာ ထမ်းစင်ဖြင့် ထမ်းပို့ပေးခဲ့ရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ (Kanchanaburi) ခရိုင်၊ ဆန်းခလာဘူရီ (Sangkhla Buri) မြို့နယ်ရှိ အလှမ်းဝေးသော ကျေးရွာတစ်ရွာတွင် အသက် ၉၀ ကျော်အရွယ် အိပ်ရာထဲလဲနေသော အဘွားအိုတစ်ဦး၏ ATM ကတ် သုံးမရတော့သဖြင့် ဘဏ်သို့ လူကိုယ်တိုင် သွားရောက်စိစစ်ရန် ရွာသားများနှင့် စေတနာ့ဝန်ထမ်းများက မိုးသည်းထန်စွာ မိုးရွာသွန်းနေသည့်ကြားမှ […]

iPhone နှင့်အတူ Selfie တင်သည့် BLACKPINK အဖွဲ့ဝင် Rosé အား ဖုန်းအစစ်လိုချင်ရင် တောင်းပါဟုမန့်ခဲ့သည့် Samsung ရဲ့ Comment ပျံနှံ့

BLACKPINK အဖွဲ့ဝင် ရိုဆီ (Rosé) မှ iPhone 18 Pro နှင့် ရိုက်ကူးထားသည့် မှန်ကြည့်ဓာတ်ပုံအား လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီးနောက် Samsung Electronics ဘက်မှ ကျီစယ်စနောက်ထားသည့် Comment တို ပို့စ်အောက်သို့ ရောက်ရှိလာခဲ့သဖြင့် ပရိသတ်များအကြား ရေပန်းစားလျက်ရှိပါတယ်။ စက်တင်ဘာ ၉ […]

ကွီဘူရီ အမျိုးသားဥယျာဉ်၌ မိုးသည်းထန်စွာ ရွာသွန်းစဉ် တောဆင်ရိုင်းအုပ် သစ်ပင်ရိပ်အောက် စုဝေးမိုးခိုနေပုံ ပျံ့နှံ့

ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန် (Prachuap Khiri Khan) ခရိုင်ရှိ ကွီဘူရီ အမျိုးသားဥယျာဉ် (Kui Buri National Park) အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ တောဆင်ရိုင်းအုပ်ကြီး သစ်ပင်ကြီးများအောက်တွင် စုဝေးမိုးခိုနေကြသည့် ချစ်စဖွယ် သဘာဝပုံရိပ်များအား ပန်းခြံတာဝန်ရှိသူများက လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့ရာ သဘာဝချစ်သူများအကြား ရေပန်းစားလျက်ရှိပါတယ်ဗျာ။ […]

ဘန်ကောက်၌ လျှပ်စစ်သုံးဝှီးချဲဖြင့် ကားလမ်းပေါ် ထွက်နေသည့် အဘွားကြောင့် ယာဉ်အန္တရာယ် ဒေသခံများ စိုးရိမ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်းခဲ (Bang Khae) နယ်မြေအတွင်း လမ်းမကြီးများပေါ်၌ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် လျှပ်စစ်သုံးဝှီးချဲကို မောင်းနှင်၍ သွားလာနေမှု ပုံရိပ်များ လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ပျံ့နှံ့လာခဲ့ပြီး၊ ယာဉ်အန္တရာယ် စိုးရိမ်ရသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး အရေးယူ တားဆီးပေးရန် ဒေသခံများက တောင်းဆိုနေကြပါတယ်ဗျာ။ စက်တင်ဘာ ၁၄ […]

ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းပြည်သူ ၃၂% ကျော် အစားအစာ လျှော့စားနေရပြီး အာဟာရပြည့်မီရန် ခက်ခဲလာ

ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာန၏ အနမိုင်းစေ့ငုလေ့လာဆန်းစစ်ချက် (Anamai Poll) အရ အထွေထွေ ကုန်ဈေးနှုန်းနှင့် စားသောက်စရိတ်များ မြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားသောက်မှု အလေ့အထများ သိသာစွာ ပြောင်းလဲလာပြီး လူဦးရေ ၃၂.၈၃% သည် ထမင်းနပ်အရေအတွက် သို့မဟုတ် အစားအစာ ပမာဏကို လျှော့ချ စားသောက်နေရကြောင်း သိရပါသည်။ […]

ထိုင်းနိုင်ငံ၌ အမဲသားများနီရဲစေရန် တားမြစ်ဓာတုဆေးဝါး သုံးစွဲသည့် ဂိုဏ်းအား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ အလယ်ပိုင်း ခရိုင် ၅ ခုရှိ နွားကောင်ရေ ၁,၀၀၀ နီးပါးတွင် လူကို အသက်အန္တရာယ် ပေးနိုင်သော တားမြစ်ဓာတုဆေးဝါး (Salbutamol) များ အသုံးပြု၍ အမဲသား နီရဲစိုပြည်စေရန် ပြုလုပ်နေသည့် တရားမဝင် ဆေးဝါးဖြန့်ဖြူးသူအား ရဲတပ်ဖွဲ့က ၈ လကြာ စုံစမ်းစစ်ဆေးပြီးနောက် အပြီးသတ် […]

Nestlé ကုမ္ပဏီမှ ဘတ် ၂၂ ဘီလီယံ လျှော်ကြေးတောင်းခံထားသည့် Mahagitsiri မိသားစု၏ တရားစွဲဆိုမှုကို အဆုံးထိ ရင်ဆိုင်သွားမည်ဟု ကြေညာ

ကမ္ဘာကျော် အစားအသောက် ကုမ္ပဏီကြီးဖြစ်သည့်Nestléသည် ၎င်းတို့အား ဘတ် ၂၂ ဘီလီယံ (ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၆၀၀ ကျော်) နစ်နာကြေး တောင်းခံထားသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်Mahagitsiri မိသားစု၏ တရားစွဲဆိုမှု အမှုအခင်းများအား အဆုံးထိ ဆက်လက် တိုက်ပွဲဝင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၁၉၉၀ […]

ဘူရီရမ်၌ တူမဖြစ်သူ၏ ခွေးအား ဝဲစွဲ၍ အနံ့နံသည်ဟုဆိုကာ ပေါက်ပြားဖြင့် ထုသတ်သူ ဦးလေးဖြစ်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ခရိုင်တွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တူမဖြစ်သူ မွေးမြူထားသည့် အိမ်မွေးခွေးအား ပေါက်ပြားဖြင့် အိပ်ပျော်နေစဉ် ရိုက်သတ်ခဲ့မှုကြောင့် စက်တင်ဘာ ၁၃ ရက် မနေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်ဗျာ။ တူမဖြစ်သူ မဝသီရာဖွန် (Wathiraporn, […]

ရတ်ချ်ဘူရီရှိ ကာရာအိုကေဆိုင်၌ အသက် ၁၅ နှစ်အောက် ကလေးများအား လိင်ကုန်ကူးမှုဖြင့် အမျိုးသမီး ၃ ဦးအား ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီ (Ratchaburi) ခရိုင်၊ ဖိုးထာရမ် (Photharam) မြို့နယ်ရှိ ကာရာအိုကေဆိုင်တစ်ဆိုင်တွင် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား ဆွဲဆောင်စည်းရုံး၍ လိင်ကုန်ကူးမှု ပြုလုပ်နေကြောင်း သတင်းအရ လူကုန်ကူးမှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ (HSTD) က ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် […]