ဇူလိုင် ၂၀ မှ ၂၅ အတွင်း ထိုင်း၌ မိုးကြီးပြီး ရုတ်တရက်ရေကြီးနိုင်ဟု မိုးလေဝသဌာနက သတိပေး

ထိုင်းနိုင်ငံတွင် လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မုတ်သုံမိုး ပိုမိုအားကောင်းလာမည်ဖြစ်ရာ ဒေသအတော်များများတွင် မိုးကြီးခြင်း၊ တောင်ကျရေကျခြင်းနှင့် မြစ်ရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဦးစီးဌာန (TMD) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဓိကစောင့်ကြည့်ရမည့်ဒေသများမှာ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအထက်ပိုင်း နှင့် အလယ်ပိုင်းဒေသ၏ […]

ထိုင်းနိုင်ငံမှ မန်ကျည်းမှည့်အိုးထဲ မူးယစ်ဆေးဝှက်ပြီး တိုကျိုသို့မှောင်ခိုပို့သည့် ဗီယက်နမ်ဂိုဏ်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ်အသုံးပြုကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ပို့ဆောင်မည့် မန်ကျည်းမှည့်အိုးများအတွင်း အိုက်စ် (Ice) မူးယစ်ဆေးဝါးများ ဝှက်မှောင်ခိုကူးနေသည့် ဗီယက်နမ်ဂိုဏ်းမှ သံသယရှိသူ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။ ဤအမှုသည် ကုန်ပစ္စည်းသယ်ဆောင်ပေးရသည့် ကြားခံခရီးသည်အမျိုးသမီးက ပါဆယ်ထုပ် ပုံမှန်ထက်လေးလံနေသဖြင့် သံသယဖြစ်ပြီး ရဲတပ်ဖွဲ့ထံ လာရောက်စစ်ဆေးခိုင်းရာမှ […]

တစ်ပတ်တာ Zodiac ဟောစာတမ်း (ဇူလိုင် ၁၉ ရက် – ဇူလိုင် ၂၅ ရက်နေ့အထိ)

♈ မိဿရာသီ (Aries) အိမ်ပြင်ခြင်း၊ ပစ္စည်းဟောင်းလဲခြင်း သို့မဟုတ် မိမိကြိုက်နှစ်သက်သည့် ပစ္စည်းဝယ်ယူခြင်းကြောင့် ငွေကုန်ကြေးကျ အလွန်များမည်။ လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းပုံအပြောင်းအလဲများ ကြုံရတတ်သဖြင့် စိတ်ရှည်သည်းခံပြီး အခြေအနေကို ထိန်းသိမ်းရမည်။ အိမ်ခြံမြေ ရေတိုမှန်းပြီး ရင်းနှီးမြှုပ်နှံခြင်းမျိုးကို ရှောင်ပါ။ လူပျိုလူလွတ်များ မိမိထက် အသက်အများကြီးငယ်သူကို သဘောကျမိတတ်သည်။ ♉ […]

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနား ချန်ပီယံဖြစ်မည်ဟု ရေမြင်းလေး မူးဒန်း ခန့်မှန်း

ထိုင်းနိုင်ငံ၏ ကမ္ဘာကျော် ရေမြင်းပုလေး မူးဒန်း (Moo Deng) သည် လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးတွင် စပိန်အသင်းကို အနိုင်ယူပြီး အာဂျင်တီးနားအသင်း ချန်ပီယံဖလား ဆွတ်ခူးသွားလိမ့်မည်ဟု ခန့်မှန်းလိုက်ပြန်ပါတယ်။ ချွန်ပူရီ (Chon Buri) ပြည်နယ်၊ သီရာချာခရိုင်ရှိ ခေါင်ခီယိုပွင့်လင်းတိရစ္ဆာန်ဥယျာဉ် (Khao Kheow […]

ဘန်ကောက်-အယုဒ္ဓယ မီးရထားခရီးစဉ်သစ် ဩဂုတ် ၁ ရက်မှစ၍ နေ့စဉ်ပြေးဆွဲမည်

ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) သည် ဘန်ကောက်မြို့ရှိ Krung Thep Aphiwat Central Terminal) နှင့် အယုဒ္ဓယ (Ayutthaya) မြို့တို့အကြား “SRT Bangkok Connex” ဟု အမည်ပေးထားသည့် Air-con ပါ ခရီးသည်တင်ရထားခရီးစဉ်အသစ်ကို လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ […]

ထိုင်းနိုင်ငံသားအမည်ခံကာ စီးပွားရေးလုပ်သူ တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီ (Chonburi) ပြည်နယ်၊ Ban Bueng ခရိုင်ရဲစခန်းသည် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တရားမဝင် ရှုပ်ထွေးသည့် နည်းလမ်းများဖြင့် စီးပွားရေးလုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအား ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ၊ ယနေ့တွင် ထိုင်းနိုင်ငံသားအမည်ခံ ဖြင့် ကုမ္ပဏီထောင်ကာ ဥပဒေဖောက်ဖျက်နေသည့် တရုတ်အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တာဝန်ရှိသူများသည် […]

ဘန်ကောက် ဘန်နာတွင် ကွန်ကရစ်ပြားပြိုကျပြီး လူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက ဘန်ကောက်မြို့၊ ဘန်နာ (Bang Na) ခရိုင်ရှိ ဆူခွန်ဗစ် စိုးင် ၆၆/၁ (Sukhumvit Soi 66/1) အတွင်းရှိ စွန့်ပစ်ထားသော ကားအရောင်းပြခန်း (Showroom) အဟောင်းတစ်ခုတွင် ကွန်ကရစ်ပြားပြိုကျမှု ဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး […]

ခွေးလေခွေးလွင့်များကို ၁၀ နှစ်ကြာ ထမင်းကျွေးခဲ့သည့် အဖိုးအို ထိုင်းထီ ဘတ် ၆ သန်း ကံထူး

ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ပြည်နယ်မှ အသက် ၇၁ နှစ်အရွယ် အဖိုးအို Nuay သည် ဇူလိုင် ၁၆ ရက် ထွက်ရှိခဲ့သည့် ထိုင်းအစိုးရထီတွင် ပထမဆု (နံပါတ် ၆၃၉၂၁၄) ဖြင့် ထိုင်းဘတ် ၆ သန်း ကံထူးသွားခဲ့ပါတယ်။ ၎င်းက ယခုကဲ့သို့ […]

ကျောင်းသားနှင့် သတင်းထောက်ဗီဇာ သက်တမ်းများကို အမေရိကန် ပိုမိုတင်းကျပ်

သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် ရွှေ့ပြောင်းနေထိုင်မှု တင်းကျပ်ရေးမူဝါဒအရ နိုင်ငံခြားကျောင်းသားများ၊ ဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်သူများနှင့် နိုင်ငံခြားသတင်းထောက်များ၏ အမေရိကန်၌ နေထိုင်ခွင့်ကာလကို ကန့်သတ်မည့် စည်းမျဉ်းအသစ်များကို ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယခင်က ကျောင်းပြီးသည်အထိ နေထိုင်ခွင့်ပြုခဲ့သော်လည်း ယခုအခါ သတ်မှတ်ရက်စွဲဖြင့်သာ သက်တမ်းကန့်သတ်တော့မည် ဖြစ်သည်။ […]

ချော်လဲပြီး သတိလစ်နေသည်ဟု ထင်ကာ ရဲနှင့်ကယ်ဆယ်ရေးအဖွဲ့ တံခါးဖျက်ဝင်ရောက်ခဲ့ရသော်လည်း အမှန်တကယ်တွင် ဘီယာမူးပြီး အိပ်ပျော်နေခြင်းသာဖြစ်ကြောင်း တွေ့ရှိရ

ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဆာထောင်ခရိုင်ရှိ ကွန်ဒိုတစ်ခုတွင် အမျိုးသမီးတစ်ဦး ချော်လဲပြီး အခန်းတွင်း သတိလစ်နေကြောင်း ဆွေမျိုးများ၏ တိုင်ကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့များက တံခါးကို အပတ်တကုတ် ဖျက်ဆီးဝင်ရောက်ခဲ့ကြသော်လည်း၊ အမှန်တကယ်တွင် အဆိုပါအမျိုးသမီးမှာ ဘီယာမူးပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်နေခြင်းသာဖြစ်ကြောင်း သိရပါတယ်။ အခန်းတွင်းရှိ အမျိုးသမီးမှာ ချော်လဲကျသွားပြီး […]