ထိုင်းသတင်း

View All

ထိုင်း-ဗြိတိန် ကပြားမလေး Saffron Maya Snookက  Miss Global 2026 သရဖူ ဆွတ်ခူး

ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ် Saffron Maya Snook သည် Miss Global 2026 သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံသမိုင်းတွင် အဆိုပါ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ ပထမဆုံးသော Miss Global သရဖူဆောင်း အလှမယ်အဖြစ်…

Read More

The Weeknd ဂီတပွဲစဉ်အတွင်း မတ်တပ်ရပ်ဇုန်၌ မစင်စွန့်သူရှိ၍ ပရိသတ်များ အွန်လိုင်းတွင် ဝေဖန်

ဘန်ကောက်မြို့၊ ရာဇမင်္ဂလာ အမျိုးသား အားကစားကွင်းကြီး (Rajamangala National Stadium) အတွင်း အောက်တိုဘာ ၁၁ ရက် (တနင်္ဂနွေနေ့) ညက ကျင်းပခဲ့သည့် ကမ္ဘာကျော် အဆိုတော် The Weeknd ၏ ဂီတဖျော်ဖြေပွဲကြီးအတွင်း…

Read More

လေယာဉ်ပေါ်တွင် ခရီးသည်များ၏ ကတ်များခိုးယူ၍ ဘတ် ၃ သိန်းနီးပါး လိမ်လည်သူ တရုတ်အမျိုးသား ဒွန်မောင်းတွင် ဖမ်းဆီးခံရ

လေယာဉ်စီးနင်းစဉ် ခရီးသည်များ အိပ်ပျော်နေချိန် သို့မဟုတ် အာရုံလွဲနေချိန်၌ ဦးခေါင်းအထက် အိတ်ထည့်စင်များအတွင်းမှ ခရက်ဒစ်ကတ်များနှင့် ငွေကြေးများကို ခိုးယူကာ ဘတ် ၂၉၃,၀၀၀ နီးပါး မတရား လိမ်လည်သုံးစွဲခဲ့သည့် တရုတ်အမျိုးသားတစ်ဦးအား ဘန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်…

Read More

ဘန်ကောက် တံတားပေါ်တွင်  လမ်းဘေး အမှတ်အသား ဆေးလိုင်းဆွဲသည့် လုပ်ငန်းသုံး ကားတစ်စီး  မီးလောင်၍ အလုပ်သမား ၅ ဦး မီးလောင်ဒဏ်ရာရ

ဘန်ကောက်မြို့၊ ဘိုရွမ်မရက်ချာချွန်နီ (Borommaratchachonni) အထက်စီး လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၀ ရက် (စနေနေ့) ညပိုင်းက လမ်းဘေး အမှတ်အသား ဆေးလိုင်းဆွဲသည့် လုပ်ငန်းသုံး ကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦး…

Read More

နိုင်ငံတကာသတင်း

View All

ထရမ့်က အီရန်ကို ထပ်မံတိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ – ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးနှင့် နျူကလီးယား သဘောတူညီချက်ရရှိရန် မျှော်လင့်ချက် မြင့်တက်

ဝါရှင်တန်၊ ဩဂုတ် ၁ (၂၀၂၆) – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နိုင်ငံ၏ နျူကလီးယား လှုပ်ရှားမှုများအား ထိန်းချုပ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ဟော်မုဇ် ရေလက်ကြား (Strait…

Read More

စပိန်ပိုင် ဆူးတားနယ်မြေအတွင်း မကြုံစဖူး တရားမဝင် ဝင်ရောက်မှုဖြစ်ပွား – သေဆုံးသူ ၃၄ ဦးအထိ ရှိလာ

ဆူးတား၊ ဇူလိုင် ၃၁ (၂၀၂၆) – မြောက်အာဖရိကရှိ စပိန်ပိုင် ဆူးတား (Ceuta) မြို့အတွင်းသို့ မိုရော့ကိုနိုင်ငံဘက်မှ လူပေါင်း သောင်းနှင့်ချီ၍ အစုလိုက်အပြုံလိုက် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး၊ ဝင်ရောက်လာသူများအနက် ထက်ဝက်ခန့်မှာ…

Read More

FIFA ၏ ကမ္ဘာ့ဖလား စီးပွားရေး ရှယ်ယာ ရောင်းချမည့် အစီအစဉ်ကြောင့် UEFA က သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဇူလိုင် ၃၁ (၂၀၂၆) – FIFA ဥက္ကဋ္ဌ ဂျီယန်းနီ အင်ဖန်တီနိုက ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲများ၏ စီးပွားရေး လုပ်ပိုင်ခွင့်အချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် ပြင်ဆင်နေမှုကို ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)…

Read More

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပြန်လည်ယှဉ်ပြိုင်ရန် အာဂျင်တီးနား ပရိသတ်များ လက်မှတ်ကောက်ခံမှု ၈ သောင်းနီးပါး ရှိလာ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ မမျှတဟုဆိုကာ အာဂျင်တီးနား ဘောလုံးပရိသတ်များက ဗိုလ်လုပွဲအား ပြန်လည်ယှဉ်ပြိုင်ကစားစေရန် Change.org တွင် လက်မှတ်ကောက်ခံမှု ပြုလုပ်ခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း ၈၀,၀၀၀ နီးပါး ရရှိထားကြောင်း…

Read More

အင်တာဗျူး

View All

- ADVERSITEMENT -

Advertise Here

ဆိုရှယ်မီဒီယာ

Musk က Apple သည် OpenAI ကို iPhone တွင် မမျှမတဦးစားပေးသည်ဟု စွပ်စွဲ

အီလွန် မာ့စ်ခ်(Elon Musk) သည် တနင်္လာနေ့ညပိုင်းလောက်က  Apple Inc’s app store လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး iPhone ထုတ်လုပ်သူသည် OpenAI ကို မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့သည်။ လက်ရှိ Grok ဉာဏ်ရည်တုအဖွဲ့နှင့် X လူမှုကွန်ရက်ကို ပိုင်ဆိုင်သည့် ဘီလျံနာ […]

ထိုင်းဘုရင်မကြီး ဆီရီခစ် (Queen Sirikit): ဖက်ရှင် အိုင်ကွန်နှင့် ကမ္ဘာ့အဆင့် ထိုင်းပိုးထည် သံတမန်

ဘုရင်မ ဆီရီကစ်( Queen Sirikit ) အား အလှအပနှင့် ဂုဏ်သိက္ခာအတွက် ချစ်ခင်လေးစားကြသော်လည်း၊ သူမကို အမှန်တကယ် ထူးခြားစေခဲ့သည့်အရာမှာ မျှော်မှန်းချက်၊ အမြင်နှင့် နိုင်ငံတကာ သံတမန်အဖြစ် ပြည့်စုံသော လုပ်ဆောင်ချက်များပင် ဖြစ်သည်။ ဖက်ရှင်နယ်ပယ်တွင် အထူးသဖြင့် ထိုင်းနိုင်ငံ၏ မူလအလှအပကို ဖော်ဆောင်ပေးခြင်းနှင့် ထိုင်းပိုးချည်ကို […]

မိုးလေဝသဌာနက တိုင်ဖွန်းမုန်တိုင်း Podul သည် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ဖော်ပြ

တိုင်ဖွန်းမုန်တိုင်း Podul သည် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံအရှေ့ပိုင်းသို့ ဦးတည်နေသောကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိနိုင်ဟု မိုးလေဝသဌာနက ပြောကြားခဲ့ပါသည်။ တနင်္လာနေ့တွင် မိုးလေဝသဌာနက ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တိုင်ဖွန်းမုန်တိုင်း Podul နှင့်ပတ်သက်၍ လူထု၏ စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးခဲ့ပြီး ထိုင်းနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် အပူပိုင်းဇုန်တွင် (၁၁) […]

ပတ္တရာ (Pattaya) မြို့ရှိ လူနာတင်ယာဉ်ကို နှောက်ယှက်မှုပြုလုပ်ခဲ့သော မော်တော်ဆိုင်ကယ်စီးသူ ဗြိတိန်နိုင်ငံသား ဖမ်းဆီးခံရ

ပတ္တရာမြို့၌ ဗြိတိန်အမျိုးသားတစ်ဦးသည် လူနာတင်ယာဉ်တစ်စီးရှေ့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကွေ့ပတ်မောင်းနှင်ခဲ့ပြီးနောက် အခြားမော်တော်ဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့သဖြင့် တနင်္လာနေ့နံနက်အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ Sawangboriboon Foundation Pattaya မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက  နံနက် (၄:၃၀) နာရီခန့်တွင် Thep Prasit လမ်းတစ်လျှောက် လူနာတင်ယာဉ်ဖြင့် သွားနေစဉ် နိုင်ငံခြားသားတစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် ၎င်းတို့၏ရှေ့သို့ […]

မူးယစ်ဆေးဝါးများကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ပတ်ခရက် (Pak Kret) ရှိ  နာမည်ကြီးဘားအား ပိတ်သိမ်း

နွန်ထဘူရီ (Nonthaburi) ခရိုင်၊ ပတ်ခရက် (Pak Kret) ရှိ နာမည်ကြီး ဘားတစ်ခုကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးပြီးနောက် ပိတ်သိမ်းလိုက်တယ်။ အဆိုပါစစ်ဆေးဖမ်းဆီးမှုအတွင်း တရားမဝင်မူးယစ်ဆေးဝါးများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရပြီး ဘားသို့လာရောက်သူ (၁၆)ဦးမှာလည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ တနင်္ဂနွေနေ့ နံနက် (၁) နာရီတွင် […]

ထရန့်ပ် (Trump) နှင့် ပူတင် (Putin) တို့ လာမည့်အပတ်တွင် ယူကရိန်းဆွေးနွေးပွဲအတွက် အလာစကာ(Alaska) တွင် တွေ့ဆုံမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် လာမည့် သြဂုတ်လ (၁၅) ရက်နေ့တွင် အလာစကာပြည်နယ်၌ တွေ့ဆုံကာ ယူကရိန်းစစ်ပွဲရေးအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။ ထရန့်ပ်က ၎င်း၏လူမှုကွန်ရက်တွင် ယင်းတွေ့ဆုံမှုကို ကြေညာခဲ့ပြီး နောက်ပိုင်းတွင် ခရမ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူက အလာစကာပြည်နယ်သည် ရုရှားနှင့် နီးကပ်သောကြောင့် နေရာရွေးချယ်မှုမှာ “အတော်ပင် သဘာဝကျတယ်” […]

အစ္စရေး စစ်တပ်က ဂါဇာမြို့ကို သိမ်းပိုက်ရန် စီစဉ်နေ၊ စစ်ပွဲကြီးကြီးမားမား တိုးလာမည်…

ပါလက်စတိုင်းဒေသ၏ မြောက်ပိုင်းတွင်ရှိသော ဂါဇာမြို့ကို အစ္စရေး စစ်တပ်က စစ်ရေးအရ သိမ်းပိုက်ရန် စီမံကိန်းကို အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နီတန်ယာဟု (Benjamin Netanyahu) က တင်ပြရာတွင် အစ္စရေး လုံခြုံရေးအဖွဲ့က အတည်ပြုခဲ့သည်။ “အစ္စရေး စစ်တပ်က ဂါဇာမြို့ကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး တိုက်ပွဲနယ်မြေပြင်ပက အရပ်သားတွေအတွက် […]

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

စစ်တပ်က အခင်းဖြစ်ပွားရာနေရာကို ၅ ရက်အလိုကပင် မိုင်းရှင်းလင်းပြီးဖြစ်ကြောင်း ပြောသော်လည်း စနေနေ့နံနက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ စီစခက်ခရိုင်၊ ကန်သာလာ့ခ်မြို့နယ်၌ ပုံမှန်ကင်းလှည့်နေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ထိုင်းစစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လအလယ်ကတည်းက အငြင်းပွားဖွယ်နယ်စပ်ဧရိယာများတွင် ကင်းလှည့်နေစဉ် မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရခဲ့သည့် စတုတ္ထအကြိမ်ဖြစ်သည်။ ယခင်ဖြစ်စဉ်များတွင် ကမ္ဘောဒီးယားက […]

ပက်ထုံသနီမြို့ရှိ ဘားတစ်ခုအား ဝင်ရောက်စစ်ဆေးရာ (၁၇၃) ဦး မူးယစ်ဆေးသုံးစွဲထားကြောင်းတွေ့ရှိ

ပြည်ထဲရေးဌာနမှ အရာရှိများသည် ပက်ထုံဌာနီမြို့ရှိ လူစည်းကားသော ဘားတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဘားသို့လာရောက်သူ ၁၇၃ ဦး မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။ စစ်ဆင်ရေးပြုလုပ်သော ည (၁၂:၄၅) နာရီတွင် ပြည်ထဲရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ နီရတ် ပေါင်စစ်ထဝေါန် (Nirat Pongsitthaworn) က “ZERO DRUG” […]

(၂၀၂၆) ခုနှစ် ထိုင်းနိုင်ငံ, ပတ္တယား Wisdom Valley တွင် Tomorrowland ပွဲကျင်းပမည်ဟု အတည်ပြုပြောကြား

ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန(The Tourism and Sports minister )က ကမ္ဘာ့အဆင့်မီဂီတပွဲတော်ဖြစ်တဲ့ Tomorrowland ကို Pattaya ရှိ Wisdom Valley မှာ ကျင်းပသွားမှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါသည်။ ဒီပွဲတော်ကို ငါးနှစ်စာချုပ်နဲ့ ကျင်းပမှာဖြစ်ပြီး နိုင်ငံအတွက် ဘတ်ငွေ ၂၁ ဘီလီယံ […]