ထိုင်းသတင်း

View All

တောင်ကိုရီးယားကဲ့သို့ ကမ္ဘာ့ဖန်တီးမှု ဗဟိုချက်မ ဖြစ်လာရန် ထိုင်းတွင် အလားအလာရှိဟု Netflix ပြောကြား

ထိုင်းနိုင်ငံသည် ထူးချွန်သော ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရ၏ ပံ့ပိုးမှုများကြောင့် တောင်ကိုရီးယားကဲ့သို့ ကမ္ဘာ့အဆင့်မီ ဖန်တီးမှုဆိုင်ရာ စက်မှုလက်မှု ဗဟိုချက်မ (Creative Hub) တစ်ခု ဖြစ်လာနိုင်သည့် အလားအလာကြီးမားကြောင်း Netflix ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ရေးရာ ဒုတိယဥက္ကဋ္ဌ…

Read More

 ချွန်ဘူရီတွင် လေယာဉ်ငယ် ပျက်ကျ၍ ထိုင်း-ဂျာမန် ကပ္ပတိန် ဒဏ်ရာရ

 ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဘန်းလမုန်း (Bang Lamung) မြို့နယ်၌ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက အင်ဂျင်တစ်လုံးတပ် သီးသန့် အပေါ့စား လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ ထိုင်း-ဂျာမန် ကပ္ပတိန်တစ်ဦး…

Read More

မြန်မာကလေးများအား ထိုင်းသို့ ခိုးသွင်း၍ အဓမ္မ ခိုင်းစေသည့် လူကုန်ကူးဂိုဏ်း ဘန်ကောက်တွင် စီးနင်းခံရ

မြန်မာနိုင်ငံမှ ကလေးသူငယ်များအား တရားမဝင် ခိုးသွင်းကာ ဖျော်ဖြေရေး နေရာများတွင် ပန်းနှင့် အစားအသောက်များ အဓမ္မ ရောင်းချခိုင်းနေသည့် လူကုန်ကူးဂိုဏ်းကို ဘန်ကောက်မြို့၊ စပန်းဆောင်း (Saphan Sung) မြို့နယ်၌ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ ၄…

Read More

ထိုင်း-ဗြိတိန် ကပြားမလေး Saffron Maya Snookက  Miss Global 2026 သရဖူ ဆွတ်ခူး

ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ် Saffron Maya Snook သည် Miss Global 2026 သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံသမိုင်းတွင် အဆိုပါ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ ပထမဆုံးသော Miss Global သရဖူဆောင်း အလှမယ်အဖြစ်…

Read More

နိုင်ငံတကာသတင်း

View All

ထရမ့်က အီရန်ကို ထပ်မံတိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ – ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးနှင့် နျူကလီးယား သဘောတူညီချက်ရရှိရန် မျှော်လင့်ချက် မြင့်တက်

ဝါရှင်တန်၊ ဩဂုတ် ၁ (၂၀၂၆) – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နိုင်ငံ၏ နျူကလီးယား လှုပ်ရှားမှုများအား ထိန်းချုပ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ဟော်မုဇ် ရေလက်ကြား (Strait…

Read More

စပိန်ပိုင် ဆူးတားနယ်မြေအတွင်း မကြုံစဖူး တရားမဝင် ဝင်ရောက်မှုဖြစ်ပွား – သေဆုံးသူ ၃၄ ဦးအထိ ရှိလာ

ဆူးတား၊ ဇူလိုင် ၃၁ (၂၀၂၆) – မြောက်အာဖရိကရှိ စပိန်ပိုင် ဆူးတား (Ceuta) မြို့အတွင်းသို့ မိုရော့ကိုနိုင်ငံဘက်မှ လူပေါင်း သောင်းနှင့်ချီ၍ အစုလိုက်အပြုံလိုက် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး၊ ဝင်ရောက်လာသူများအနက် ထက်ဝက်ခန့်မှာ…

Read More

FIFA ၏ ကမ္ဘာ့ဖလား စီးပွားရေး ရှယ်ယာ ရောင်းချမည့် အစီအစဉ်ကြောင့် UEFA က သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဇူလိုင် ၃၁ (၂၀၂၆) – FIFA ဥက္ကဋ္ဌ ဂျီယန်းနီ အင်ဖန်တီနိုက ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲများ၏ စီးပွားရေး လုပ်ပိုင်ခွင့်အချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် ပြင်ဆင်နေမှုကို ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)…

Read More

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပြန်လည်ယှဉ်ပြိုင်ရန် အာဂျင်တီးနား ပရိသတ်များ လက်မှတ်ကောက်ခံမှု ၈ သောင်းနီးပါး ရှိလာ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ မမျှတဟုဆိုကာ အာဂျင်တီးနား ဘောလုံးပရိသတ်များက ဗိုလ်လုပွဲအား ပြန်လည်ယှဉ်ပြိုင်ကစားစေရန် Change.org တွင် လက်မှတ်ကောက်ခံမှု ပြုလုပ်ခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း ၈၀,၀၀၀ နီးပါး ရရှိထားကြောင်း…

Read More

အင်တာဗျူး

View All

- ADVERSITEMENT -

Advertise Here

ဆိုရှယ်မီဒီယာ

ဘန်ကောက်မြို့၊ အွန်နွတ် ၃၉ လမ်းထိပ်တွင် အမျိုးသားတစ်ဦး ဓားဖြင့်ဝိုင်းထိုးခံရ၍ သေဆုံး၊ တရားခံများကို ရဲလိုက်လံရှာဖွေနေ

ဘန်ကောက်မြို့၊ အွန်နွတ် ၃၉ (On Nut 39) လမ်းထိပ်တွင် ဆိုင်ကယ်စီးလာသည့် လူဆိုးတစ်စုက အမျိုးသားတစ်ဦးကို အနောက်မှ လိုက်လံတိုက်ခိုက်ပြီး ဓားဖြင့်ဝိုင်းထိုးကာ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့က တရားခံများကို အပြင်းအထန် ခြေရာခံလိုက်လံဖမ်းဆီးနေပါတယ်။ ဇူလိုင် ၁၉ ရက် ညနေ ၆ […]

Andrew Tate ညီအစ်ကို မိုင်ယာမီတွင် ဖမ်းဆီးခံရပြီး ဗြိတိန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုနေ

ဝါရှင်တန်၊ ဇူလိုင် ၁၉ (၂၀၂၆) – ကမ္ဘာကျော် ဆိုရှယ်မီဒီယာ အင်ဖလူရင်ဆာ အင်ဒရူးတိတ် (Andrew Tate) နှင့် ၎င်း၏ညီဖြစ်သူ ထရစ်စတန်တိတ် (Tristan Tate) တို့ကို အမေရိကန် ဖက်ဒရယ်အာဏာပိုင်များ (US Marshals) က မိုင်ယာမီမြို့တွင် ဇူလိုင် ၁၈ […]

LGBTQ+ နှင့် နိုင်ငံခြားသားများ အငှားကိုယ်ဝန်ဆောင်ခွင့် ဥပဒေသစ်ကြမ်း ထိုင်းလူထု သဘောထားမှတ်ချက်ရယူနေ

ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးရေးဦးစီးဌာနသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် လက်ထပ်ထိမ်းမြားမှုတန်းတူညီမျှရေးဥပဒေ (Marriage Equality Law) နှင့် ကိုက်ညီစေရန်နှင့် အိုမင်းရင့်သော်သည့်လူ့အဖွဲ့အစည်း (Ageing Society) တွင် ကလေးမရနိုင်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် “အငှားကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကြမ်း” ကို ဇူလိုင် ၂ ရက်မှ ၃၁ […]

ဇူလိုင် ၂၀ မှ ၂၅ အတွင်း ထိုင်း၌ မိုးကြီးပြီး ရုတ်တရက်ရေကြီးနိုင်ဟု မိုးလေဝသဌာနက သတိပေး

ထိုင်းနိုင်ငံတွင် လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မုတ်သုံမိုး ပိုမိုအားကောင်းလာမည်ဖြစ်ရာ ဒေသအတော်များများတွင် မိုးကြီးခြင်း၊ တောင်ကျရေကျခြင်းနှင့် မြစ်ရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဦးစီးဌာန (TMD) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဓိကစောင့်ကြည့်ရမည့်ဒေသများမှာ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအထက်ပိုင်း နှင့် အလယ်ပိုင်းဒေသ၏ […]

ထိုင်းနိုင်ငံမှ မန်ကျည်းမှည့်အိုးထဲ မူးယစ်ဆေးဝှက်ပြီး တိုကျိုသို့မှောင်ခိုပို့သည့် ဗီယက်နမ်ဂိုဏ်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ်အသုံးပြုကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ပို့ဆောင်မည့် မန်ကျည်းမှည့်အိုးများအတွင်း အိုက်စ် (Ice) မူးယစ်ဆေးဝါးများ ဝှက်မှောင်ခိုကူးနေသည့် ဗီယက်နမ်ဂိုဏ်းမှ သံသယရှိသူ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။ ဤအမှုသည် ကုန်ပစ္စည်းသယ်ဆောင်ပေးရသည့် ကြားခံခရီးသည်အမျိုးသမီးက ပါဆယ်ထုပ် ပုံမှန်ထက်လေးလံနေသဖြင့် သံသယဖြစ်ပြီး ရဲတပ်ဖွဲ့ထံ လာရောက်စစ်ဆေးခိုင်းရာမှ […]

တစ်ပတ်တာ Zodiac ဟောစာတမ်း (ဇူလိုင် ၁၉ ရက် – ဇူလိုင် ၂၅ ရက်နေ့အထိ)

♈ မိဿရာသီ (Aries) အိမ်ပြင်ခြင်း၊ ပစ္စည်းဟောင်းလဲခြင်း သို့မဟုတ် မိမိကြိုက်နှစ်သက်သည့် ပစ္စည်းဝယ်ယူခြင်းကြောင့် ငွေကုန်ကြေးကျ အလွန်များမည်။ လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းပုံအပြောင်းအလဲများ ကြုံရတတ်သဖြင့် စိတ်ရှည်သည်းခံပြီး အခြေအနေကို ထိန်းသိမ်းရမည်။ အိမ်ခြံမြေ ရေတိုမှန်းပြီး ရင်းနှီးမြှုပ်နှံခြင်းမျိုးကို ရှောင်ပါ။ လူပျိုလူလွတ်များ မိမိထက် အသက်အများကြီးငယ်သူကို သဘောကျမိတတ်သည်။ ♉ […]

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနား ချန်ပီယံဖြစ်မည်ဟု ရေမြင်းလေး မူးဒန်း ခန့်မှန်း

ထိုင်းနိုင်ငံ၏ ကမ္ဘာကျော် ရေမြင်းပုလေး မူးဒန်း (Moo Deng) သည် လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးတွင် စပိန်အသင်းကို အနိုင်ယူပြီး အာဂျင်တီးနားအသင်း ချန်ပီယံဖလား ဆွတ်ခူးသွားလိမ့်မည်ဟု ခန့်မှန်းလိုက်ပြန်ပါတယ်။ ချွန်ပူရီ (Chon Buri) ပြည်နယ်၊ သီရာချာခရိုင်ရှိ ခေါင်ခီယိုပွင့်လင်းတိရစ္ဆာန်ဥယျာဉ် (Khao Kheow […]

ဘန်ကောက်-အယုဒ္ဓယ မီးရထားခရီးစဉ်သစ် ဩဂုတ် ၁ ရက်မှစ၍ နေ့စဉ်ပြေးဆွဲမည်

ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) သည် ဘန်ကောက်မြို့ရှိ Krung Thep Aphiwat Central Terminal) နှင့် အယုဒ္ဓယ (Ayutthaya) မြို့တို့အကြား “SRT Bangkok Connex” ဟု အမည်ပေးထားသည့် Air-con ပါ ခရီးသည်တင်ရထားခရီးစဉ်အသစ်ကို လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ […]

ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘောတစ်စီးကို အီရန် (IRGC) တိုက်ခိုက်မှုခံရ

အီရန်နိုင်ငံ၏ Tasnim သတင်းဌာန၏ ဖော်ပြချက်အရ ဇူလိုင် ၁၇ ရက် (သောကြာနေ့) က ဟော်မုဇ် (Hormuz) ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ရန် ကြိုးပမ်းခဲ့သည့် ထိုင်းကုန်တင်သင်္ဘောတစ်စောင်သည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ သတိပေးချက်များကို လျစ်လျူရှုပြီး ခွင့်ပြုချက်မယူဘဲ မောင်းနှင်ခဲ့ခြင်းကြောင့် တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ သတင်းရင်းမြစ်များ၏ […]

ထိုင်းနိုင်ငံသားအမည်ခံကာ စီးပွားရေးလုပ်သူ တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီ (Chonburi) ပြည်နယ်၊ Ban Bueng ခရိုင်ရဲစခန်းသည် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တရားမဝင် ရှုပ်ထွေးသည့် နည်းလမ်းများဖြင့် စီးပွားရေးလုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအား ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ၊ ယနေ့တွင် ထိုင်းနိုင်ငံသားအမည်ခံ ဖြင့် ကုမ္ပဏီထောင်ကာ ဥပဒေဖောက်ဖျက်နေသည့် တရုတ်အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တာဝန်ရှိသူများသည် […]